မင်းကင်းမြို့နယ် Cash for Work စီမံကိန်းကို ကျေးရွာ ၆ ရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

Cash for Work Activities in 6 Villages and Village Revolving Fund Project Activities 8 Villages of Mingin Completed

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာလ အတွင်း နိုင်ငံတော်၏ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူ ပြု စေဖို့ Cash for Work စီမံကိန်းကို ကျေးရွာ ၆ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ရွာတွင်း ကွန်ကရစ်လမ်း ၂လမ်း၊ ရွာတွင်း ကွန်ကရစ် ဘီးလမ်း ၁ လမ်း၊ ရွာတွင်း ဂျင်းလမ်း ၃ လမ်း၊ ရေဆင်း ပြုလုပ်တဲ့ လုပ်ငန်း ၂ ခု၊ တာဘောင်တင်တဲ့လုပ်ငန်း ၁ ခုနဲ့ မြေထိန်း နံရံ ပြုလုပ်တဲ့ လုပ်ငန်း တစ်ခု တို့ကို အကောင်အထည်ဖော်ခဲ့တာပါ။

အဲလို ဆောင်ရွက်တာကြောင့် ကျေးလက်နေ ပြည်သူ ဦးရေ ၄၆၀ ကျော်အတွက် စီမံကိန်း ကာလအတွင်း ဝင်ငွေ ကျပ် ၃၈ ဒဿမ ၅၆ သန်း ကို ပံ့ပိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို မင်းကင်းမြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာမှာ ခွင့်ပြုငွေကျပ် သိန်း ၁၉၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

အိမ်ထောင်စုပေါင်း ၆၅၃ စုကို ငွေကျပ် ၁၈၈ ဒသမ ၈ သန်းနဲ့ လုပ်ကွက်ငယ်တောင်သူတွေ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူတွေနဲ့ အသေးစား စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေ အတွက် လိုအပ်တဲ့ ငွေကြေး အရင်းအနှီးတွေနဲ့ လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် မတည် ရန်ပုံငွေတွေ ထုတ်ချေးပေးခဲ့တယ်လို့လဲ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit- SkyNet Media Coverage

#CFW, #CERP, #DRD, #WorldBank, #NCDDP