လူထု ဗဟိုပြု စီမံကိန်းမှ ကျွန်းလှ မြို့နယ် ကျေးရွာပေါင်း ၁၀၁ ရွာမှာ ဆောင်ရွက်လျက်ရှိ

NCDDP Implementing its Sub-project Activities in 101 Villlages of Kyunhla

Sagaing, 14 October 2020, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ ခရိုင် ကျွန်းလှ မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေ ကျပ်သန်း ၁၄၃၀ နဲ့ စီမံကိန်း လုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ကျွန်းလှ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အတွင်းမှာ ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ကျေးရွာပေါင်း ၁၀၁ ရွာမှာ လမ်းတံတား ၆၅ ခု၊ ရေရရှိရေး ၄ ခု၊ မီးလင်းရေး အခု ၂၀ ၊ ပညာရေး ဆိုင်ရာ အဆောက်အဦး ၉ ခုနဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမ ၂ ခုနဲ့ တစ်ခြား လုပ်ငန်း ၉ ခု၊ စုစုပေါင်း လုပ်ငန်းခွဲ ၁၀၉ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သန်း ၁၄၃၀ နဲ့ ယခုနှစ် ဩဂုတ်လကနေ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးရဲကိုကိုဝင်းထံကနေ သိရပါတယ်။

သတင်း - မောင်ခိုင် (ကျေးသီး)၊ သန့်စင် (ကျွန်းလှ)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank