မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တောင်နီ ကျေးရွာရဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမ အတွက် လူထု စစ်ဆေးပွဲ ပြုလုပ်

Social Audit Conducted for Village Hall Construction in Taung Ni Village of Mogaung

Kachin, 15 October 2020, SkyNet Media Coverage

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ တောင်နီ ကျေးရွာ အုပ်စု တောင်နီ ကျေးရွာရဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမနဲ့ ဆက်စပ် လုပ်ငန်း တည်ဆောက်ပြီးစီးတာ ကြောင့် လူထု စစ်ဆေးပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီက အဲဒီ ကျေးရွာ ခန်းမမှာ ကျင်းပ ပြုလုပ်ရာမှာ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းက တက်ရောက် ခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ ပုံစံ-စ ၇ နဲ့ စိတ်ကျေနပ်မှု မဲရလာဒ် ကောက်ယူခဲ့ပါတယ်။

ဆက်လက်ပြီး မြို့နယ် ဦးစီးမှူးဟာ ကျေးရွာ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး စာရင်းဇယားတွေကို စနစ်တစ်ကျ ထိန်းသိမ်း ထားရှိရေး၊ လည်ပတ် ပြုပြင် ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်သွားကြဖို့ မှာကြားခဲ့ပါတယ်။

ကျေးရွာ လူထု ရွေးချယ်မှုနဲ့ အလျား ပေ ၉၀၊ အနံ ပေ ၃၀၊ အမြင့် ၁၃ ပေ ရှိတဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်နဲ့ နှစ်ခန်းတွဲ သန့်စင်ခန်းကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်း ထံမှ သိရပါတယ်။

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage