မချမ်းဘော့၌ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) နှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) အစီအစဉ်ဖြင့် ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

Village Selection Meeting Organized for Village Development Project and Village Revolving Fund Project in Machanbaw

Kachin, 12 November 2020, Ministry of Information

မချမ်းဘော့ နိုဝင်ဘာ ၁၂

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့ မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) နှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) အစီအစဉ်ဖြင့် မချမ်းဘော့ မြို့နယ်ရှိ ကျေးရွာ (၇) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မလိခ ခန်းမဆောင်တွင် ကျင်းပသည်။

အခမ်းအနားတွင် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေး နှစ်အတွင်း လုပ်ဆောင်ခဲ့သော မြစိမ်းရောင်၊ VDP၊ CFW စီမံကိန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြီးနောက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အတွက် လုပ်ဆောင်မည့် လုပ်ငန်းများအား မချမ်းဘော့မြို့နယ်ရှိ ရွေးချယ် ခံရသည့် ကျေးရွာ (၇) ရွာအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မချမ်းဘော့ မြို့နယ် အုပ်ချုပ်မှူး ဦးပြည်သိမ်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

(မချမ်းဘော့ ပြန်/ဆက်)

#VRFP, #NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/20614