ဖားဆောင်း မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းများအား မွမ်းမံသင်တန်း ပို့ချ

Refresher Training Conducted for NCDDP’s Staff Members in Hpasawng

Kayah, 22 November 2020, SkyNet Media Coverage

 

ကယားပြည်နယ် ဘော်လခဲ ခရိုင် ဖားဆောင်း မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်းမှ လူထု စည်းရုံးရေးမှူးနှင့် နည်းပညာ စည်းရုံးရေးမှူးတွေကို နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ မွမ်းမံ သင်တန်းပေးခြင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ လူထု ဗဟိုပြု စီမံကိန်း CDD တာဝန်ခံ၊ CDD Finance, CDD ဝယ်ယူရေး တာဝန်ခံ၊ ပြည်နယ် Infrastructure, DRD, CSAG, CDD Procurement, M&E, MIS အစ ရှိတဲ့ တာဝန်ခံတွေက စီမံကိန်း ဆိုင်ရာ ဘာသာ ရပ်တွေကို စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချခဲ့ကြပါတယ်။

စီမံကိန်း ဝန်ထမ်းတွေကို မိမိတို့ရဲ့ တာဝန် ဝတ္တရားတွေကို ပိုမို သိရှိနားလည်းပြီးတော့ အရည်အချင်း ပြည့်ဝကာ ဝန်ဆောင်မှု ပေးနိုင်တဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်စေရေးနဲ့ အရည်အသွေး ပြည့်ဝတဲ့ စီမံကိန်း လုပ်ငန်းတွေ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ကြောင်း၊ အဲဒီ သင်တန်းကို သင်တန်းသား ၁၁ ဦး တက်ရောက်ခဲ့တယ်လို့ သင်တန်း တာဝန်ခံ ဒေါ်သန္တာစိုးထံမှ သိရပါတယ်။

 

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage