လှိုင်းဘွဲမြို့နယ် ထော်ရွဲကမ်နား ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

NCDDP’s Village Concrete Street Construciton in Htaw Ywe Kan Nar Village of Hlaingbwe Completed 100 Percent

Kayin, 11 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၁၁

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အင်းနို့သိပ္ပံ ကျေးရွာ အုပ်စု၊ ​ထော်ရွဲကမ်းနား ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ၂၀၂၀ ခုနှစ် ​​အောက်တိုဘာလ၂၈ ရက်​နေ့က စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်း​ ထောက်ပံ့​ငွေ (၂၀၂၅၀၀၀၀) ကျပ်ဖြင့် လမ်း (အရှည် ၁၄၀၀ပေ ၊ အကျယ် ၁၂​ပေ ၊ အထူ ၆လက်မ) လမ်းခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထုစည်းရုံး​ရေးမှူး​ နန်းစန်းစန်းမြင့်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဦးစီးမှူး ​ဒေါ်​အေးမြနန္ဒာထွန်းနှင့် မြို့နယ်နည်းပညာ အကြံ​ပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု များဖြင့် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ခဲ့ကြပြီး​ ထောရွဲ ကမ်းနားကျေးရွာမှ အိမ်​ထောင်စု (၇၀)စု၊ လူဦးရေ (၄၂၅)ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှု​ရေးများအတွက် သွား/လာ​ရေးလွယ်ကူ​ချော​မွေ့ အဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/24110