လူထုခန်းမဆောင်ဖွင့်ပွဲအခမ်းအနားနှင့်ကျေးရွာလူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)ဖြင့် ငလိုင်ကျေးရွာအုပ်စု၊ ငလိုင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုခန်းမဆောင်(လုံကီးလ်ခန်းမ)ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပါထန်း၊ ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စောနှင့် မင်းတပ်ခရိုင်ကျေးလက်ဦးစီးမှူး ဦးကျော်ကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျေးရွာလူထုနှင့်တွေ့ဆုံပွဲကို အဆိုပါခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ခန်းမဆောင်တည်ဆောက်ခြင်း(RC)လုပ်ငန်း(အတိုင်းအတာ-၆၀’×၃၀×၁၂’)ကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ (၂၃၈၆၂၀၀၀/−)ကျပ်နှင့် လူထုထည့်ဝင်ငွေ (၇၇၃၃၂၀၀/−) ကျပ်၊ စုစုပေါင်းကုန်ကျငွေ(၃၁၅၉၅၂၀၀/-)ကျပ်တိတိဖြင့် (၂၇.၂.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင်ပြီး (၁၈.၆.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရန်ပုံငွေကိုလေးနှစ်ဆက်တိုက် ထောက်ပံ့ပေးခဲ့ပါသည်။ ချင်းပြည်နယ်တွင် ကန်ပက်လက်(စီမံကိန်းပိတ်သိမ်းပြီး)၊ ပလက်ဝ၊ မတူပီနှင့်တွန်းဇံမြို့နယ် များတွင် ဆောင်ရွက်ခဲ့ပါသည်။