လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ်လမ်းခင်း

Village Street Construction Kicked Off in War Khoke Taw Village of Hlaingbwe

Kayin, 26 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာ ၂၆

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် အိမ်​ထောင်စု (၅၄၀) စု၊ လူဦးရေ (၃၂၂၀)ဦး တို့အား အကျိုးပြုမည့် သာယာကုန်းကျေးရွာအုပ်စု ​​ဝါးဂု​တ္တောကျေးရွာ ၊ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ယမန်​နေ့က စတင် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​ခဲ့ကြောင်း သိရသည်။

အဆိုပါ ​ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် စီမံကိန်းမှ​ ထောက်ပံ့​ငွေ (၂၄,၄၅၀,၀၀၀) ကျပ်ဖြင့် အ​ကောင် အထည်​ဖော်​ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်း(အရှည် ၁၂၄၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) တို့ဖြင့် လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံ​ပေး အဖွဲ့တို့ ၏ စနစ်တကျ လမ်းညွန်မှု၊ လက်​ထောက် နည်းပညာမှူး ​ဒေါ်ဝင်းဇာနီခိုင်၊ လူထု စည်းရုံး​ရေးမှူး​​​ ​​​စောသန်း​ကျော်လင်းတို့၏ အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ/​ကျေးရွာသားတို့၏ ပူး​ပေါင်း ပါဝင်မှုတို့ဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/22567