ကော့ကရိတ်မြို့နယ် ကျေးရွာ (၁၂) ရွာ၌ Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းဆောင်ရွက်

ကော့ကရိတ် ဇူလိုင် ၁၀

နိုင်ငံတော်မှ ကိုဗစ်-၁၉ အကျိုးသက်‌ရာက်ခံစားနေရသော ကျေးလက်ဒေသများတွင် စီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦစီးဌာန မှ၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ အကျိုးဆက်သက် ရောက်မှုရှိသော ကျေးလက်ဒေသနေပြည်သူများ၏ ကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်စေပြီး လုပ်အားခပေးချေသည့်စနစ်ဖြင့် ဝင်ငွေရရှိစေ ရန်နှင့် ကျေးရွာအ‌ခြေခံအ‌ဆောက် အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၂) ရွာအား Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် (၈.၇.၂၀၂၀) ရက်နေ့တွင် မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့နှင့်အဖွဲ့သည် ခရင်းကျေးရွာ၊ ဝင်းပုတ် ကျေးရွာ၊ တကုံးကကျေးရွာ၊ ထီးဖိုးမော်ကျေးရွာတို့တွင် CFW စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း ကျေးရွာ‌ဖွံ့ဖြိုးရေး ကော်မတီများ ရွေးချယ်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ ရွေးချယ်ပြုခြင်းများ ဆောင်ရွက်ခဲ့၍ ကျန်ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

စိုးထက်အောင်(ပြန်/ဆက်)

#CERP

#CFW

#DRD

#MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/10/07/2020/id-23429