ဒုတိယ ညွှန်ကြားရေးမှူးနဲ့အဖွဲ့ မောက်မယ်မြို့နယ်နှင့် မိုးနဲ မြို့နယ်တို့ရှိ စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းကြည့်ရူ့

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နဲ့ မိုးနဲ မြို့နယ်တို့ရှိ စီမံကိန်း ဒေသများမှာ အကောင်အထည်ဖော် ပြီးစီးခဲ့တဲ့ လုပ်ငန်းခွဲများကို စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်စုဟန်နှင့် ပြည်နယ်ကျေး လက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုဖောတို့က ဩဂုတ်လ ၁၂ ရက်နေ့က ကွင်းဆင်း စစ်ဆေး ခဲ့ပါတယ်။

အဆိုပါ ကွင်းဆင်း စစ်ဆေးရာမှာ ပြည်သူ+ကျေးလက်+ယူနီဆက် အိမ်တိုင်ရာရောက် ရေသွယ်တန်းရေး ဆောင်ရွက်ပြီးစီးတဲ့ မောက်မယ် မြို့နယ် ဟိုနမ့်အုပ်စု ခူးဝိန်းကျေးရွာ၊ CFW စီမံကိန်းနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ထီဝါဖော့ ကျေးရွာမှာ ရွာတွင်းလမ်း ပြုပြင်ခြင်းလုပ်ငန်းနဲ့ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရံပုံငွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ အောင်သုခ ကျေးရွာမှ ဘက်စုံသုံး ကျေးရွာ ခန်းမဆောင် လုပ်ငန်းများနဲ့ မိုးနဲ မြို့နယ် ကွန်နားအုပ်စု ကုန်းကြောင်း ကျေးရွာမှာ ဆောင်ရွက်ပြီးစီးတဲ့ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းနဲ့ ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အိမ်တိုင်ရာရောက် ရေ သွယ်တန်းရေး ဆောင်ရွက်လျက် ရှိတဲ့ ကွန်နားအုပ်စု လွိုင်လင် ကျေးရွာ ရေပိုက်သွယ်တန်း နေမှုတို့ကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကျေးရွာ လူထုနဲ့ ကော်မတီဝင်များကို တွေ့ဆုံကာ လုပ်ငန်းများ ရေရှည် တည်တံ့နိုင်ရေ စံချိန် စံညွှန်း နဲ့ အညီ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါတယ်။

သတင်း - ဉာဏ်လင်း

#CERP, #CFW, #DRD, #MOALI

Credit - SkyNet Media Coverage