လေရှီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

လေရှီး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် ပုံမှန်ဝင်ငွေရရှိစေရေးတို့အတွက် Cash for work စီမံကိန်းဖြင့် ဆောင်ရွက်ပေးနေသော လုပ်ငန်းများ ပြီးစီးမှုအခြေအနေကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့မှ လုပ်ငန်းပြီးစီးမှုအခြေအနေကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများကို ကူကီးရွှာမကျေးရွှာ၊ မြေနီကုန်ကျေးရွှာ၊ မသော်ရီကျေးရွှနှင့် အမိမီကျေးရွှာ တို့တွင် ကုန်ထုတ် လမ်းဖောက်လုပ်ပေးခြင်း၊ ကျွဲစားကျက်မြေနေရာတိုးချဲ့ပေးခြင်း၊ ရေလွဲမြောင်း တူးဖော်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။

ခဘိုး

https://www.moi.gov.mm/iprd/news/11096