လူထု ဗဟိုပြု စီမံကိန်း လှိုင်းဘွဲမြို့နယ် စူးထကျေးရွာ ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်း ကွင်းဆင်း စစ်ဆေး

Ground Survey Conducted for NCDDP’s Suspension Bridge Construction in Su Hta Village

Hlaingbwe, 26 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန စီမံကိန်း တာဝန်ခံ ဒုတိယ ညွန်ကြားရေးမှူး ဦးစတင့်ဝေ၊ ဘားအံမြို့ မြို့နယ် ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ လှိုင်းဘွဲ မြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ စီမံကိန်း တာဝန်ခံနဲ့ ဝန်ထမ်းတွေဟာ နိုဝင်ဘာလ ၂၅ ရကနေ့က လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း စီမံကိန်း ထောက်ပံ့ငွေ သိန်း ၅၀၀ နဲ့ အကောင်အထည် ဖော်ဆောင်မယ့် သမိုကျေးရွာ အုပ်စု စူးထကျေးရွာ ကြိုးတံတား တည်ဆောက်ခြင်း (အလျှား ပေ၂၀၀ x အကျယ် ၆ပေ) လုပ်ငန်းကို ဆောင်ရွက်မယ့် ဒီဇိုင်းနဲ့ မြေပြင် အခြေအနေတွေကို အသေးစိတ် ကွင်းဆင်းစစ်ဆေးပြီး အကောင်အထည်ဖော်ရာမှာ ဒီဇိုင်းနဲ့ အမှန်တစ်ကယ် တည်ဆောက်မှုတို့ အံဝင်ခွင်ကျမှုစေဖို့ လိုအပ်တဲ့ အကြံဉာဏ်တွေကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage